Just sharing for all those who keep asking me how I make my songs and videos!
အသံဖမ်းတဲ့ အတွေ့အကြုံလေး ပြောချင်ပါတယ်။
၁) အခန်းကိုလုံအောင် တံခါး၊ ပြူတင်းပေါက် အကုန်ပိတ်တဲ့အပြင်၊ တဝီးဝီးမြည်တဲ့ ပန်ကာ၊ အဲယားကွန်း တွေပါ ပိတ်တယ်။ Laptop ပန်ကာပါ ပိတ်တယ်။ (ချွေးတပြိုက်ပြိုက် ကျတာတော့ သည်းခံရပါတယ်)
၂) ပတ်ဝန်းကျင်ကို သည်းခံပါ။ ဆူညံသံနည်းတဲ့ ညဘက်တွေမှာ တီးတဲ့အခါ တခြားအခန်းက လူတွေက လာပြောလို့ မတီးဖြစ်တဲ့အခါတွေလည်း ရှိပါတယ်။
၃) အင်မတန် စိတ်ရှည်ရပါတယ်။ စိတ်တိုင်းမကျမချင်း တီး၊ ဆို။ မကြိုက်မချင်း ပြန်ရိုက်နဲ့ တစ်ခါတလေ တစ်နေကုန်သွားတောင် ဘာမှမရလိုက်ပါဘူး။ ခုနောက်ပိုင်းတော့ နည်းနည်းလေး သွက်လာပါပြီ။
အမြဲနားဆင် အားပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ်။
Pickup မပါတဲ့ Guitar ရယ် Ukulele တွေနဲ့ တီးဖြစ်ပါတယ်။ ဒါကြောင့် တခါတလေ ဂစ်တာသံလေးတွေ တိုးနေတတ်ပါတယ်။
အသံဖမ်းတဲ့ Blue Microphone ပါ။ ကွန်ပျူတာနဲ့ တစ်ခါတည်း တွဲပြီးဖမ်းရတာပါ။ ဝယ်ထားတာ သိပ်မကြာသေးပါဘူး။
Microphone Filter မဝယ်နိုင်သေးလို့ အသံဖမ်းတဲ့အခါ ခြေစွပ် စွပ်ပြီးဖမ်းပါတယ်။ (ခြေစွပ်က အသစ်ပါ 😛)
Shaker ရယ် Tambourine ရယ် Kazoo ရယ် နောက်ပိုင်း သီချင်းတွေမှာ ထည့်သုံးပါတယ်။ ကျွမ်းတော့ မကျွမ်းဘူး။ ဟိုခေါက် ဒီခေါက်။
၂၀၁၄ အထိ ဒီကင်မရာလေးနဲ့ပဲ အသံလည်းဖမ်း၊ အရုပ်လည်း ရိုက်ပါတယ်။ Quality မဆိုးပါဘူး။ (အရင်က ဗီဒီယိုတွေ ကြည့်ကြည့်ပါ) ခုနောက်ပိုင်းတော့ Blue Mic မိုက်လေးနဲ့ ဖမ်းပါတယ်။
Mix Down ကိုတော့ Online ကနေ Free ရတဲ့ Audacity Software နဲ့ သုံးပါတယ်။
အရုပ်ထွက်ကို Adobe Premiere မှာ တည်းဖြတ်ပါတယ်။ အဲဒါကတော့ လုပ်ရင်းနဲ့ သိလာပါမယ်။ ကိုယ်မသိသေးတဲ့ Function တွေတောင် အများကြီးပါပဲ။
နောက်ဆုံးအဆင့် Title, Lyrics, Credit တွေကိုတော့ Window Movie Maker နဲ့ ထည့်ပါတယ်။ ခုနောက်ပိုင်း i movie ကိုလည်း သုံးဖြစ်ပါတယ်။
တခြားသိချင်တဲ့ အသေးစိတ်များကို ဒီအောက်က comment box မှာ ဖြစ်စေ ကျမရဲ့ Facebook မှာဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။
🔗 Links 🔗
YouTube: https://www.youtube.com/c/LianLianTial
Website: https://shwedemy.com/category/songs/
Facebook: https://www.facebook.com/lianliantial/
🛠️ Tools 🛠️
ကျွန်မသုံးထားတဲ့ ပစ္စည်းမျိုးတွေဝယ်ချင်ရင် အောက်မှာ လင့်ခ်တွေပေးထားပါတယ်။
Acoustic guitar (similar): https://amzn.to/33TihXX
Ukulele (similar): https://amzn.to/3148axI
Capo: https://amzn.to/37515Rk
Others (vlogging gears, essentials): https://www.amazon.com/shop/lianhlaing
These are all affiliate links, and I’ll make a tiny commission on your purchases at no cost to you!
As an Amazon Associate, I earn from qualifying purchases.
#CommissionsEarned!
မိတ်ဆွေအနေနှင့်အထက်ပါလင့်ခ်များမှတဆင့်ဝယ်ယူခဲ့မည်ဆိုလျှင် Amazon မှကျွန်မကိုအနည်းငယ်သောဝန်ဆောင်ခပေးမှာဖြစ်ပြီးသင့်ဘက်မှအပိုဆောင်းမပေးရပါ။
📩 Contact 📩
If you’d like to sponsor a video or for other business inquires, please contact hmunghmun9@gmail.com
0 Comments