သီချင်းတစ်ပုဒ်မှာ ကိုယ်နဲ့ မရင်းနှီးတဲ့ Chord အခက်တွေ ပါလာရင် တီးဖို့ရာ အတော်လေး တိုင်ပတ်ပါတယ်။ အဲဒီဒုက္ခကို အလွယ်ဆုံး ဖြေရှင်းဖို့က မူလ Key ကို ပြောင်းတီးခြင်းပါ။ အဲဒီအခါ Chord တွေပါ ပြောင်းသွားတော့ တီးရ မခက်တော့ပါဘူး။ အဲဒီမှာမှ ကိုယ်ဆိုနိုင်တဲ့ Key ကို Capo လေးတပ်ပြီး ပြန်ဆိုပေါ့ရှင်။

Key ပြောင်းတာကို တချို့က ဇယားနဲ့ ကြည့်ပြီးပြောင်းတယ်။ တချို့က App ဘာညာနဲ့ ပြောင်းတယ်။ ဒီမှာတော့ ကိုယ့်ဘာသာ လွယ်လွယ်လေး လုပ်လို့ရတဲ့ ကီးချိန်းစက်ဝိုင်းလေးကို ပြောပြလိုက်ပါတယ်။ (သိပြီးသား ဆရာ/ ဆရာမကြီးများအတွက် မရည်ရွယ်ပါ)

ပထမဆုံး ဒီပုံထဲက စက်ဝိုင်းလေးကို ပရင့်ထုတ်ဖို့ လိုပါမယ်။ ကိုယ့်ဘာသာ ဆွဲချင်တယ်ဆိုရင်တော့ ကွန်ပါချွန်နဲ့ ပုံထဲကအတိုင်း စက်ဝိုင်းလေးတွေဆွဲပြီး ၁၂ စိတ် စိတ်ရပါမယ်။ တစိတ်ကို ၃၀ ဒီဂရီ စိတ်ပါ။ ပြီးရင် A | Bb | B | C | Db | D | Eb | E | F | Gb | G | Ab ဆိုတဲ့ Key ၁၂ ခုကို အစဉ် အတိုင်း ပတ်ပြီး ရေးသွားပါ။

စက်ဝိုင်းက နှစ်ထပ်ဆိုတော့ နှစ်ခါရေးရပါမယ်ရှင်။ ဒီနေရာမှာ ပြောချင်တာက Bb (B Flat) နဲ့ A# (A Sharp) က အတူတူပါ။ Db နဲ့ C# ဟာလည်း တူပါတယ်။ ကျန်တာတွေ ပုံထဲမှာသာကြည့်ကူးလိုက်ပါ။ သီချင်းစာအုပ် အများစုက Flat တွေ ပြတာ များပါတယ်။


စက်ဝိုင်းလေးရလာရင် ဒုတိယအဆင့်က ဖြတ်ထုတ်ဖို့ပါ။ ဓားနဲ့လှီးလည်းရပါတယ်။ ဒီမှာတော့ တစ်ဝက်ခေါက်ပြီး ကတ်ကြေးနဲ့ ကိုက်ပါတယ်။

အပြင်စက်ဝိုင်းပြီးရင် အတွင်းစက်ဝိုင်းကို ထပ်ညှပ်ပါမယ်။ စက်ဝိုင်းတွေကို ကတ်ထူစက္ကူမှာ ကတ်ပြီးသုံးရင်တော့ ပို ကြာကြာသုံးလို့ ရတာပေါ့ရှင်။


ဖောက်ထုတ်ပြီးရင် ပုံထဲကအတိုင်း ရပါမယ်။ ဒါဆိုရင် ကီးချိန်းစက်ဝိုင်းလေး ရပါပြီ။ ဘယ်လိုသုံးလဲ ဆိုတာ နမူနာ ပြောပြပါမယ်။

ဥပမာ ကိုယ်ဆိုချင်တဲ့ သီချင်းက ပုံထဲက “ဒီဇင်ဘာည” ဆိုပါတော့။ အဲဒီမှာ ပါတဲ့ Chord တွေက A E Gbm Dbm D A Bm E ကို Round တီးတာ ဖြစ်ပါတယ်။ Key က A ဖြစ်ပါတယ်။ အဲဒါကို Key C နဲ့ ပြောင်းတီးပါမယ်။

ဒီဇင်ဘာည သီချင်းလေးကို Key C ပြောင်းပြီး Capo ကို 2nd Fret မှာ တပ်ဆိုထားတာလေးကို ဒီမှာ နားဆင်လို့ ရပါတယ်။
https://youtu.be/y-idc5F1_ho


Key A ကနေ Key C ကို ပြောင်းချင်တာကြောင့် အပြင်စက်ဝိုင်းက A နဲ့ အတွင်းစက်ဝိုင်းက C ကို အရင်တည့်ထားလိုက်ပါ။ ဒါဆိုရင် A က C ကော့ဒ်၊ E က G ကော့ဒ်၊ Gbm က Am ကော့ဒ်၊ Dbm က Em ကော့ဒ် ဖြစ်သွားပါမယ်။

အားလုံးပြောင်းပြီးသွားရင် ပုံထဲကအတိုင်း ရပါမယ်။ A E Gbm Dbm D A Bm E ကော့ဒ်တွေက C G Am Em F C Dm G ဆိုပြီး တီးရလွယ်တဲ့ ကော့ဒ်တွေ ဖြစ်သွားပါလိမ့်မယ်။

ဒီနေရာမှာ တစ်ခုထပ်ပြောချင်တာက ကော့ဒ်နောက်ဆက်တွဲတွေဖြစ်တဲ့ minor, seventh, major seventh စတာတွေပါ။ အဲဒါတွေကို ဒီတိုင်းပဲ ထားပါတယ်။ ဥပမာ Am ဆိုရင် Cm… A7 ဆိုရင် C7… Amaj7 ဆိုရင် Cmaj7 စသလိုမျိုးပါ။


ခုဆိုရင် ကီးချိန်းစက်ဝိုင်းကို အသုံးပြုပြီး ကိုယ်ဆိုမယ့် သီချင်းတွေကို ကော့ဒ် အခက်ကနေ လွယ်ကူတဲ့ အဆင့်ထိ ပြောင်းတီးနိုင်မယ်လို့ ယူဆပါတယ်။ Key C နဲ့ Key G ကတော့ ပြောင်းတီးလို့ အလွယ်ကူဆုံးတွေပါ။

အားပေးနားဆင်မှုအတွက် ကျေးဇူးပါရှင်။


🔗 Links 🔗

YouTube: https://www.youtube.com/c/LianLianTial
Website: https://shwedemy.com/category/songs/
Facebook: https://www.facebook.com/lianliantial/


🛠️ Tools 🛠️

ကျွန်မသုံးထားတဲ့ ပစ္စည်းမျိုးတွေဝယ်ချင်ရင် အောက်မှာ လင့်ခ်တွေပေးထားပါတယ်။
Acoustic guitar (similar): https://amzn.to/33TihXX
Ukulele (similar): https://amzn.to/3148axI
Capo: https://amzn.to/37515Rk
Others (vlogging gears, essentials): https://www.amazon.com/shop/lianhlaing

These are all affiliate links, and I’ll make a tiny commission on your purchases at no cost to you!

As an Amazon Associate, I earn from qualifying purchases.

#CommissionsEarned!

မိတ်ဆွေအနေနှင့်အထက်ပါလင့်ခ်များမှတဆင့်ဝယ်ယူခဲ့မည်ဆိုလျှင် Amazon မှကျွန်မကိုအနည်းငယ်သောဝန်ဆောင်ခပေးမှာဖြစ်ပြီးသင့်ဘက်မှအပိုဆောင်းမပေးရပါ။


📩 Contact 📩

If you’d like to sponsor a video or for other business inquires, please contact hmunghmun9@gmail.com



Hmone

After graduated with MEd and MBA in Bangkok and Singapore, she has attained working experiences in different industries as the research assistant, an admin executive, a former production editor of LTA (language testing in Asia) for about 10 years both in Thailand and Singapore. She is also the boss of this “Shwedemy – ရွှေဒမီ” learning platform site, handling end-to-end publishings and content-editing.

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *