တခါတုန်းက တက္ကသိုလ် အလွမ်းပြေလေး ဆိုဖြစ်တာပါ။ တေးရေး လူမောင်ဆေး (၁) ရေးတဲ့ သီချင်းပါ။ အဆိုတော် မီမီဝင်းဖေ၊ အိအိ၊ ဖြိုးဒါလီသိန်းတန် တို့လည်း Version အမျိုးမျိုးနဲ့ ဆိုခဲ့ဖူးပါတယ်။ Solo ကိုတော့ ကိုဟန်သစ်ငြိမ်က ကူညီတီးခတ်ပေးထားပါတယ်။ ခုချိန်ထိ အားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းတို့ အားလုံးကို ကျေးဇူးပါရှင်။

တို့ သတိရနေမှာပါ

V1: C F G C (Down)
ကန်ရေပြင်မြေနီလမ်းတို့နဲ့ဝေး
စွယ်တော်ခုံပြာတန်းတို့နဲ့ဝေး
ယုံပါကွာအချစ်ဆုံးမင်းကို
တို့တော့သတိရနေမှာပါ

V2: C F G C (Rhythm)
အိမ်ပြန်ချိန်တို့ခွဲ တစ်လမ်းဆီမို့
ပြန်လည်ဆုံဆည်းကြနိုင်ဖို့
ကံကိုမျှော်လင်းရင်း အဝေးကတို့
သတိရနေမှာပါ..

Cho1: F C F C F C C G
စိန်ပန်းပွင့်လေးများ လွင့်ကြွေ
တို့မခွဲစဖူး ခွဲရတော့လေ
ရင်မှာလွမ်းလို့ ကျတဲ့မျက်ရည်
ကြာပေမယ့်လည်း ဘယ်မမေ့ဘူး

V3: C F G C
ကြင်နာသူတွေရဲ့ကံ့ကော်တန်း
ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း
ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ
သတိရနေမှာပါ

Guitar Solo: C F G C C F G C
V1:
V2:

Cho2: F C F C F C C G
Library လေးလည်း တို့နဲ့ဝေး
RC လေးလည်း သတိရမိတယ်
ရင်မှာလွမ်းလို့ ကျတဲ့မျက်ရည်
သစ်ပုပ်ပင်လည်း အဝေးဆုံးဝေး

Library လေးလည်း တို့နဲ့ဝေး
RC လေးလည်း သတိရမိတယ်
ရင်မှာလွမ်းလို့ ကျတဲ့မျက်ရည်
ဂျပ်ဆင်အိုလေးဘယ်မမေ့ဘူး

V3:
ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ
တို့တော့ သတိရနေမှာပါ
Categories: Covers

Hmone

After graduated with MEd and MBA in Bangkok and Singapore, she has attained working experiences in different industries as the research assistant, an admin executive, a former production editor of LTA (language testing in Asia) for about 10 years both in Thailand and Singapore. She is also the boss of this “Shwedemy – ရွှေဒမီ” learning platform site, handling end-to-end publishings and content-editing.

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *