Mathematical Ideology
သင်္ချာ အတွေးအခေါ် (၂)
“သင်္ချာဟာ သိပ္ပံပညာရဲ့ ဘာသာစကား – Mathematics is the language of Science” လို့ ပညာရှင်တွေ တင်စားကြတယ်။ သင်္ချာကို အတွေးအခေါ်နဲ့ ရောယှက်လိုက်တဲ့အခါမှာ သေးငယ်တဲ့ စက္ကူချပ်လေးကနေ… ကြီးမားတဲ့ စကြဝဠာအထိပါ လက်တွေ့ဆန်ဆန် စိတ်ကူးယဉ်လို့ ရပါတယ်။