Modern Ywe Kon The

မော်ဒန် ရွဲကုန်သည်ပုံပြင်

ရွဲကုန်သည် နှစ်ဦး ရှိလေသတဲ့။ ယနေ့အခေါ်ဆေးလ်မန်း (Sales Men) တွေပေါ့။ တစ်ဦးကတော့ မတော် လောဘကြီးစွာနဲ့ ကောက်ကျစ်လှည့်ဖြားပြီး အသက်မွေးသူဖြစ်ပါတယ်။ ပရိသတ် အမြင်ကပ်တဲ့ ဗီလိန်ပေါ့ဗျာ။ သူ့ကိုတော့ (ကုန်သည် – ၁) လို့ပဲ မှတ်ယူကြပါစို့။

အီးသျှစ်တုံးနှင့် ယုန်သူငယ်

ဘယ်သူတွေ ဘာမေးမေး ယုန်က မဖြေ။ စွတ်ပြေးနေတော့သည်။ သူ့ကို ကြည့်ပြီး ကျန်တဲ့တောကောင်တွေပါ လန့်လာတော့သည်။ ဒါနဲ့ပဲ ဘာရယ်၊ ဘာကြောင့်မှန်း မသိဘဲ ကျန်တဲ့အကောင်တွေပါ လိုက်ပြေးတော့သည်။

Heart-shaped Moon

လပေါ်က ပုံပြင်

ဟိုးတိုတိုတုန်းကပေါ့ကွယ်။ ကမ္ဘာမြေနဲ့ မိုင်ပေါင်း နှစ်သိန်းလေးသောင်းဝေးကွာတဲ့ နေရာမှာ လကမ္ဘာဆိုတာ ရှိသတဲ့။ အဲဒီလကမ္ဘာမှာ နေတဲ့သူတွေဟာ အင်မတန်မှ အပျင်းထူပြီး ဘာအလုပ်မှ မလုပ်ကြဘူးတဲ့။

Lion & Mouse

ခြင်္သေ့မင်းနှင့် ကြွက်ငယ်

တခါက ကြွက်ငယ်တစ်ကောင်သည် တောထဲလျှောက်သွားရာမှ မျက်စိလည်လမ်းမှားပြီး အိပ်နေသော ခြင်္သေ့ကို ဝင်တိုက်မိသည်။ ခြင်္သေ့ကလည်း ငိုက်မျည်းနေတာဆိုတော့ သူ့ရှေ့ရောက်လာသော ကြွက်ငယ်ကို အလွယ်တကူပင် ဖမ်းမိလေသည်။

Tortoise and Hare 01

ယုန်ဖြူစင်နှင့် လိပ်ငစဉ်းလဲ

ဟိုးတိုတိုတုန်းကပါ… တောအုပ်ကြီးတစ်ခုမှာ ဉာဏ်ပညာကြီးပြီး အင်မတန်မှ စိတ်ထားကောင်းတဲ့ ဖိုးရွှေယုန်ဆိုတာ နေပါတယ်။ အဲဒီဖိုးရွှေယုန်ဟာ အသားဖြူစင်သလို စိတ်ထားကလည်း ဖြူစင်တာကြောင့် သူ့ကို မြင်တဲ့ တိရစ္ဆာန်တိုင်းက ချစ်ကြ၊ လေးစားကြပါတယ်။