4 Chord Progression ဆိုတဲ့ Chord ၄ ခုတည်းကိုသာ အသုံးပြုပြီး တီးရတဲ့ သီချင်းလေးတွေကို စုစည်းပြီး Tutorial အဖြစ် ဖန်တီးလိုက်ပါတယ်။ အမြဲမပြတ် နားဆင်အားပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေများအားလုံး ကျေးဇူးအထူးပါရှင်။

ကီးချိန်းစက်ဝိုင်း https://shwedemy.com/songs/song-creation/key-change-circle/
ပိုင်စိုးမှု ဧကရီ (Cover) https://youtu.be/2Ja8aQ25qW4
ပိုင်စိုးမှု ဧကရီ (Tutorial) https://youtu.be/c9y4hri14mA
စစ်ပွဲကင်းဝေး ငြိမ်းချမ်းရေး (Original) https://youtu.be/I53vtihXYc4


ချာတိတ်
ဂျော်နီ 

V1:
ချာတိတ်... ညဘက် နှိပ်စက် အိပ်လို့မရအောင် အရိပ်ကလေး
အိပ်မက်ထဲ အတင်းတိုးဝှေ့ကာ ချာတိတ်ကလေးရယ်
မင်း ကိုယ့်အပေါ်... နှိပ်စက်လွန်းတယ်ကွယ်
 
V2:
ချာတိတ်... မင်းပြောစကား သကြားသီးလေးလို ချိုရဲ
နူးညံ့တဲ့ နှလုံးသားထက်ဝယ် ချာတိတ်ကလေးရယ်
မင်း ကိုယ့်အပေါ်... စိုးမိုးလွန်းတယ်ကွယ်
 
Cho:
ချာတိတ်ကလေး... သံယောဇဉ်တွေ
ပေးထားခဲ့ပြီး မင်းကလေး.. ကိုယ့်ကို.. အမျိုးမျိုး.. ပြုံးပြတယ်..
နှလုံးသားမှာ စူးနစ်ခဲ့ပြီကွယ်..
 
V3:
ချာတိတ်... ဒီဇိုင်းအဆန်းကလေး ဝတ်လို့ထားရင် အလှဆုံး
အားလုံးက ဝိုင်းငေးကြမယ် ချာတိတ်ကလေးရယ်
မင်းကလေးအပေါ်... စိတ်မချဘူးလေကွယ်
 
V4:
 ချာတိတ်... ကြားထဲက နှောင့်ယှက်မှုတွေ ဖယ်ရှား
 သိပ်လှတဲ့ နေ့သစ်များမှာ ချာတိတ်ကလေးရယ်
 မင်းနဲ့အတူ တို့နှစ်ယောက် လျှောက်လည်မယ်

Cho: 

ပိုင်စိုးမှု ဧကရီ
ဖိုးချို

V1:
မင်းဘယ်လမ်း သွားသွား မင်းနောက်က လိုက်လို ့နေမယ်
မင်းဘယ်လမ်း လှမ်းလှမ်း ဖဝါးထပ်မျှ လိုက်လို့ပါမယ်
မင်းကမ္ဘာဆုံးလှမ်းလည်း လှည့်မကြည့်နဲ ့နောက်ကပါမယ်
မင်းလိုသလောက် ဖြစ်အောင် ဘဝတခုလုံးဆုံးသွားပါစေကွယ်

Cho:
စိုးပိုင်မှုရဲ့ ချစ်စိတ်တွေ အရိပ်လိုငြိတွယ်မိပေါ့လေ
စိတ်ရင်ထဲကအတွေးလှိုင်းတွေ ကမ်းခြေမရောက်တဲ့ လှိုင်းကလေးအခြေ
(စိုးရိမ်နေ သစ်ရွက်ကလေးနဲ့ ပန်းကလေးတွေက) ၃
စိုး..ရိမ်နေ သစ်ရွက်ကလေးနဲ့ ပန်းကလေးတွေကလေ

V2:
နောက်လာမယ့်နေ့တွေ အဆုံးစွန်းထိဆက်ချစ်နေမယ်
မင်းဟာကိုယ့်ဘဝအတွက် အသက်လောက်ပဲအရေးကြီးပါတယ်
တို့မျှော်လင့်သမျှတွေ အပြီးသတ်ထိမဖြစ်ခဲ့ရင်လေ
တို့ ကံအကြောင်းပဲပေါ့ နောက်ဘဝအထိဆက်ချစ်နေပါမယ်

Cho:

အချစ် ခံစားမှုတွေ မီးတောက်မကပြင်းလို့ထန်တယ်
ဘဝ မုန်တိုင်းထဲဝယ် မင်းဘဝအတွက် တို့ရှိနေမယ်
မိုး မှောင်တဲ့နေ့မို့ တို့အသည်းလေးကျွမ်းခဲ့ရင်လေ
ရှိပါစေတော့အချစ်ရယ် အချစ်ဆုံးမို့ မမုန်းရက်နိုင်ပါကွယ်

Cho: 
Key Change:
Cho:

တစ်ခုသောမိုးဥတု၏ တစ်နေ့သ၌
ကိုင်ဇာ
 
V1:
ကျောင်းဆင်းတဲ့အချိန် မိုးသည်းသည်းရွာ
လွယ်အိတ်လေးနဲ့ ကောင်မလေး
မိုးမင်းကြီးကို မော့ကြည့်ပြီးတော့ ငိုမဲ့မဲ့နဲ့ မှိုင်တွေငေး
ထီးကလေးကို အသာဖွင့်ပြီး
သူ့အတွက် ကိုယ်ကသွားပေး…
 
V2:
ယောက်ျားလေးပဲကွယ် မိုးသည်းသည်းမှာ
လွယ်အိတ်ပိုက်လို့ အိမ်ကိုပြေး
မိုးမိပြီးတော့ နောက်နေ့မနက်မှာ
အပြင်းဖျားတဲ့ လူမမာလေး
အတန်းထဲက ကောင်မလေး
ကျွန်တော့်အတွက် စာတွေကူးပေး…
 
V3:
ပုလဲလုံးလေးတွေ ရွှဲလုံးလေးတွေ
စီရေးထားတဲ့ ဒီလက်ရေး
တစ်ယောက်နဲ့တစ်ယောက်ဟာ
နှစ်ယောက်ဖြစ်သွားတယ်
ကျွန်တော်တို့ကျောင်းက ကောင်မလေး
ကျောင်းသွားဖော်သူငယ်ချင်း
ကျွန်တော့်ရဲ့ နတ်သမီးလေး… 

စစ်ပွဲကင်းဝေး ငြိမ်းချမ်းရေး
မှုန် (Original)

V1: 
ဟိုး အဝေးမှာ ပျောက်ဆုံးသွား ခဲ့လေသော
အနာဂတ်များ ဒီဘဝမှာ မရှိတော့လေသလား
ဒီကမ္ဘာကြီးထက် မခြောက်သေးသော သွေးစက်များ
ကျည်သံ ဗုံးသံတွေနဲ့ ခြောက်ခြားဆဲ ညဉ့်ယံများ
 
Pre1:
အမုန်းတရားဖွဲ့ပြီး လိုချင်ရှာတော့ ငြိမ်းချမ်းရေးဆိုပဲ
ဓားချင်းခတ်ပြီး အမှန်ကိုရှာတော့ သွေးခင်းလမ်းဆီပဲ
လူသားများထဲက သူဟာလေလူပဲ တို့တွေဟာမေ့ပြီ
 
Cho:
မှန်သော တို့လက်တွေ ကယ်တင်ခြင်းအတွက် လှမ်းကြမယ်
အလှဆုံး နေ့ရက်ကလေးတွေ ဝေမျှရင်းနဲ့/ ပြီးတော့ ရှေ့ဆက်မယ်
တို့အားလုံးတို့ရဲ့ မေတ္တာတွေ/ ကိုယ်စီနဲ့
ဒီဒုက္ခတရားတွေကို တိုက်ဖျက်မယ်လေ
 
V2:
အို ကလေးငယ်တွေ ငိုကြွေးဆဲနေ့ရက်များ
ဆာလောင် မိခင်တွေ ရှောင်ပုန်းဆဲ အဖြစ်အပျက်များ
ဒီကမ္ဘာကြီးမှာ လူသားတို့ အချစ်တွေနဲ့
စာနာခြင်း သူတို့ကို ပေးကြစို့လား
 
Pre2:
ချိုးငှက်လေးရဲ့ ဓားစာခံကပွဲ အမဲလိုက်သူတွေ အတွက်
တရားသောစစ်ပွဲ အဖြေရှာလေတော့ လူ့အသက်များစွာ ငရဲ
လူသားများထဲက သူဟာလူပဲ 
အို သူငယ်ချင်းရေ...
 
Cho: x 2

End:
ငိုရှိုက်ခြင်းများနဲ့ ဒဏ်ရာဝေး 
အို စစ်ပွဲများရဲ့ ကျိန်စာအဝေး (ဆိုးသော အတိတ်တွေကို ထားခဲ့မယ်လေ)
ပူလောင်ခြင်းများနဲ့ ဝေဒနာအဝေး (မုန်းတီးခြင်းတွေကို စွန့်ကြမယ်လေ)
အို တိုက်ပွဲများရဲ့ ခေါ်သံအဝေး  (တရားသော စစ်တွေကို ရပ်တန့်မယ်လေ) 

ရွှေလက်တွဲ
ကောင်းပြည့်

V1:
အကြင်နာတွေ မေ့လိုက်ပြီလားပြော မုန်းလိုက်ပြီ အခုတော့
သဝန်တိုတာ ချစ်လို့ဆိုတာတော့ သိထားသင့်တယ်နော်
ဒါကို ခုတုန်းလုပ်ပြီးတော့ မေ့မယ်ဆို နင်မေ့ပါကွယ်
အကြင်နာတွေ ဝေးသွားခဲ့ရင် ငါ့အပြစ်ပါ ငါခေါင်းငုံ့နေမယ်
 
V2:
တချိန်ချိန်မှာ ဝေးကြရမယ်လို့ နင်ပြောဘူးတယ်နော်
ဒီအချိန်မှာ အချစ်အတွက် နင်မရှိဘူး နင်ခေါင်းသုံးပြီပေါ့
အားလုံးစိတ်ကျေနပ်အောင် နင်ခေါင်းငြိမ့်မယ်ပေါ့
သနားစိတ်လေး တချက်တောင် နင်မရှိခဲ့ရင်တော့
 
Cho:
အဲဒီလူနဲ့ပဲ ရွှေလက်တွဲ အဲဒီလူနဲ့ပဲ ပျော်ပါကွယ်
ထားခဲ့ ထားခဲ့ ပေါင်းဖက်ပါလေကွယ်
ဘုရားသွားကျောင်းတက် ကောင်းမြတ်ပါလေတယ်
အဲဒီလူနဲ့ပဲ ရွှေလက်တွဲ အဲဒီလူနဲ့ပဲ ပျော်ပါကွယ်
ထားခဲ့ ထားခဲ့ ပေါင်းဖက်ပါလေကွယ်
ဘုရားသွားကျောင်းတက် ကောင်းမြတ်ပါလေတယ်
ဘဝအတွက်

Solo:
V1: V2: 
Cho: x2

🔗 Links 🔗

YouTube: https://www.youtube.com/c/LianLianTial
Website: https://shwedemy.com/category/songs/
Facebook: https://www.facebook.com/lianliantial/


🛠️ Tools 🛠️

ကျွန်မသုံးထားတဲ့ ပစ္စည်းမျိုးတွေဝယ်ချင်ရင် အောက်မှာ လင့်ခ်တွေပေးထားပါတယ်။
Acoustic guitar (similar): https://amzn.to/33TihXX
Ukulele (similar): https://amzn.to/3148axI
Capo: https://amzn.to/37515Rk
Others (vlogging gears, essentials): https://www.amazon.com/shop/lianhlaing

These are all affiliate links, and I’ll make a tiny commission on your purchases at no cost to you!

As an Amazon Associate, I earn from qualifying purchases.

#CommissionsEarned!

မိတ်ဆွေအနေနှင့်အထက်ပါလင့်ခ်များမှတဆင့်ဝယ်ယူခဲ့မည်ဆိုလျှင် Amazon မှကျွန်မကိုအနည်းငယ်သောဝန်ဆောင်ခပေးမှာဖြစ်ပြီးသင့်ဘက်မှအပိုဆောင်းမပေးရပါ။


📩 Contact 📩

If you’d like to sponsor a video or for other business inquires, please contact hmunghmun9@gmail.com


Hmone

After graduated with MEd and MBA in Bangkok and Singapore, she has attained working experiences in different industries as the research assistant, an admin executive, a former production editor of LTA (language testing in Asia) for about 10 years both in Thailand and Singapore. She is also the boss of this “Shwedemy – ရွှေဒမီ” learning platform site, handling end-to-end publishings and content-editing.

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *