သင်္ချာ အတွေးအခေါ် (၁)

သင်္ချာလို့ ပြောလိုက်ရင် လူအများစုက အတွက်အချက်လို့သာ ပြေးမြင်တယ်။ ရာစုနှစ်ပေါင်းများစွာ လက်ခံလာခဲ့တဲ့ အခြေခံကျတဲ့ အချက်နှစ်ကို မေ့လျော့နေကြတယ်။ အဲဒါတွေက (၁) သင်္ချာဟာ ဘာသာစကားဖြစ်ပြီး (၂) သင်္ချာဟာ အတွေးအခေါ် ဖြစ်တယ် ဆိုတာပါ။

Paradox 01

Paradox ဆိုတာ…

Paradox (ပါရာဒေါ့စ်) ဆိုတာကို စိတ်ပညာရှင်တွေ၊ ဒဿနိကပညာရှင်တွေ၊ သင်္ချာပညာရှင်တွေ စတဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေက အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါတယ်။ ခြုံငုံပြီး ပြောရရင်တော့ ရှေ့စကားနဲ့ နောက်စကားမညီတဲ့ ဖြစ်ရပ်မျိုးပါပဲ။ မြန်မာမှု ပြုတဲ့ နေရာမှာ တချို့က “ဝိရောဓိ၊ ယုံတမ်း၊ ဒွိဟ” စသည်ဖြင့် အမျိုးမျိုး ပြန်ဆိုကြပါတယ်။